မိုင်းသုန် နည်ပညာဆိုက်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ မိုင်းသုန်ဆိုက်မှသီးချင်းများ နည်ပညာများ ကိုယ်တိုင်းရေးတာပါသလို သူများဆီကနေကူယူဖေါ်ပြတာလဲပါပါတယ် မိုင်းသုန်ဆိုက်ဟာ တည်ထောင်တာမကြာသေလို ပြည်စုံးမှုမရှိသေပါဘူး ဆက်လျှက်ကြိုးစားပါဦမည် fblike ပြီအားပေးကြပါ cbox တွင်အလိုရှိရာကိုတောင်ဆိုနိုင်ပါတယ် စိုင်းညီ adiman ဆက်သွယ်ရန် ghostluso@gmail.com

Samsung Mobile ဆိုတာ

Samsung Group ထဲမှာကိုမှ Samsung Electronic ဆိုပြီး ထပ်ကွဲပါ တယ်။ ပြီးတော့ ယင်းထဲကနေမှ Samsung Telecommunication Business ဆိုပြီး နောက်တစ်ခု ထပ်မံကွဲထွက်ပြီး ဆက်သွယ်ရေးနဲ့ ဆက်စပ် အီလက်ထရောနစ် ပစ္စည်း၊ အိုင်တီ ပစ္စည်းများကို ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ Samsung Mobile လို့လည်း ခေါ်ဆိုပါတယ်။

Samsung Mobile ဟာ ကမ္ဘာမှာ ရောင်းအားအကောင်းဆုံး ဖုန်းနဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများကို ပိုင်ဆိုင်ထားပါတယ်။ အာရှ၊ ဥရောပ၊ အမေရိက အပြင် အခြားသော အရပ်ရပ်များမှာလည်း Samsung ရဲ့  အမာခံ ပရိတ်သတ်များ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာလည်း Samsung ရဲ့  ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်လို့ Samsung ရဲ့  အီလက်ထရောနစ် ပစ္စည်းများကို အလွယ်တကူ ရရှိနိုင်အောင် ဖန်တီးပေးနေပြီ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်က လူကြိုက်များ ထိပ်တန်းဖုန်းစာရင်းထဲမှာ Samsung မှ ပါဝင်နေပါတယ်။

Samsung မှ ထုတ်လုပ်တဲ့ ဆက်သွယ်ရေးနဲ့ ဆက်စပ် အီလက်ထရောနစ် ပစ္စည်းတိုင်းဟာ အသုံးပြုရ လွယ်ကူပြီး User Interface ထူးခြား ကောင်းမွန် တဲ့အတွက် ပြည်တွင်းမှာတင် user တိုးသထက် တိုးလာပါတယ်။ Samsung Mobile ရဲ့  တရားဝင် ဝဘ်ဆိုဒ်အချို့ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

http://www.twitter.com/SamsungMobile
http://www.youtube.com/SamsungMobile
http://www.samsungapps.com

0 comments:

Post a Comment