မိုင်းသုန် နည်ပညာဆိုက်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ မိုင်းသုန်ဆိုက်မှသီးချင်းများ နည်ပညာများ ကိုယ်တိုင်းရေးတာပါသလို သူများဆီကနေကူယူဖေါ်ပြတာလဲပါပါတယ် မိုင်းသုန်ဆိုက်ဟာ တည်ထောင်တာမကြာသေလို ပြည်စုံးမှုမရှိသေပါဘူး ဆက်လျှက်ကြိုးစားပါဦမည် fblike ပြီအားပေးကြပါ cbox တွင်အလိုရှိရာကိုတောင်ဆိုနိုင်ပါတယ် စိုင်းညီ adiman ဆက်သွယ်ရန် ghostluso@gmail.com

ထိုးဖောက်မြင်ရသော ဖန်သားပြင်ဖြင့် iPad

Apple က ဖန်တီးတာတာ့ မဟုတ်ပါဘူး။ ဒီဇိုင်နာ Ricardo Luis Monteiro က သူ့စိတ်ကူး အိုင်ဒီယာနဲ့ ဖန်တီးတဲ့ ဒီဇိုင်းဖြစ်ပြီး Apple ခရေဇီတို့ အကြား လူကြိုက်များခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကသာ ပုံက ပြထားတဲ့အတိုင်း ဒီဇိုင်းကိုပြရင် မဖြစ်နိုင် သေးဘူးလို့ ငြင်းလို့ရပါတယ်။ ယခုချိန်တော့ မဟုတ်တော့ပါဘူး။ ၂၀၁၃ နှစ်ဆန်းမှာတင်ကို ကွေးညွန့်တဲ့ စမတ်ဖုန်းမျက်နှာပြင်တွေရော၊ ထိုးဖောက်မြင်ရတဲ့ LED မျက်နှာပြင်တွေရော ကုမ္မဏီအသီးသီးက ထုတ်ဖော် ပြသနေကြပြီ ဖြစ်ပါတယ်။

ဒီတော့ ပုံမှာ ပြထားတဲ့ iPad မျိုးက ဖြစ်မလာဘူးလို့ မဆိုနိုင်တော့ပါဘူး။ သူ့ဟာနဲ့သူကတော့ ဟုတ်နေပါတယ်။ တကယ်ပဲ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်မှာ ရုပ်ထွက်ကောင်းကောင်းနဲ့ ထိုးဖောက်မြင်ရမယ် ဆိုတော့ အသုံးပြုတဲ့ ဟာ့ဒ်ဝဲများအပေါ် ပိုပြီး အဓိကကျစေ၊ မူတည်နေပါတယ်။ Apple သာ ဒီနှစ်သို့မဟုတ် နောက်နှစ်လောက် ဖန်သားပြင်နဲ့ iPad ကို ထုတ်နိုင်မယ်ဆိုရင် ကမ္ဘာမှာ နံပါတ် ၁ Innovative ကုမ္မဏီအဖြစ် ဆက်လက် တည်ရှိနေအုံးမယ်လို့ ခန့်မှန်းထားကြောင်း သိရ ပါတယ်။

0 comments:

Post a Comment