Lexus LF ဆိုတာ တိုယိုတာ ဂျပန်မှ အနာဂတ်မှာ ထုတ်လုပ်မယ့် Lexus ဇိမ်ခံ ကားများ ဖြစ်ပါတယ်။
ယင်းကားထဲမှာမှ ဒီဇိုင်းခပ်လန်းလန်း တစ်စီးကတော့ Lexus LF-LC ဖြစ်ပါတယ်။ ၂၀၁၂၊ ဇန်နဝါရီလက ဒတ်ထရွိုက်မော်တော် ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသမည့် ကား မဂ္ဂဇင်းတွေထဲမှာလည်း မျက်နှာဖုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ယခုထိတော့ ဈေးကွက် မရောက်ရှိ သေးပါဘူး။ သို့ပေမယ့် မကြာမီ ဖြန့်ချိတော့ မှာ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဒီဇိုင်းကတော့ အသားနားဆုံးပဲ ဖြစ်ပါတယ်။ ရှေ့ အင်ဂျင် နောက်ဘီးမောင်းစနစ်၊ အတွင်းခန်းတွင်၁၂ လက်မ LCD တပ် ထိန်းချုပ်စနစ်၊ တံခါးလက်ကိုင်တွင် စမတ်ဖုန်းအရွယ် Touch screen ထိန်းချုပ် စနစ် ပါဝင်၊ ဟိုင်းဘရစ် ကားအမျိုးအစား ဖြစ်ပါတယ်။
ဒီအတွက် အင်ဂျင်ပါဝါ ဘယ်လောက်ရှိမယ်။ ဟိုင်းဘရစ်ဘက်ထရီ ဘယ်လောက် စွမ်းမယ် ဆိုတာကိုတော့ အတိအကျ မကြေညာသေးပါဘူး။ သို့ပေမယ့် ပါဝါကြီးကြီး ကားတွေထဲမှာ ပါဝင်မှာ ဖြစ်တယ်လို့ ခန့်မန်းထားကြ ကြောင်း သိရပါတယ်။

0 comments:
Post a Comment