ဂျိမ်းစဘွန်းမျက်မှန်မဟုတ်တဲ့ HD မျက်မှန်
Posted by
Unknown
on Saturday, February 16, 2013
Labels:
tecnolagy
ဂျိမ်းစဘွန်းရုပ်ရှင်ထဲကလိုပဲ မျက်မှန်နဲ့ ဗီဒီယိုမှတ်တမ်းတင်တာမျိုး လုပ်လို့ ရတဲ့ ပစ္စည်းများ ပေါ်တာ အတော်လေးကြာပါပြီ။ သို့ပေမယ့် HD ဗီဒီယို အဆင့် ရုပ်ထွက်ပျက်သားတာ ကတော့ ယခုမှ ထုတ်လုပ်တဲ့ Vision HD Video Glasses ဖြစ်ပါတယ်။
16GB MicroSD ကဒ်ကို မျက်မှန်ရဲ့  တစ်နေရာမှာ ထည့်သွင်းပေးထား ပါတယ်။ USB ပေါက်ပါပြီး ကွန်ပြူတာနဲ့ ပြန်ချိတ်လို့ Data Transfer လုပ်လို့ ရပါတယ်။ ဗီဒီယိုရိုက်ဖို့ ၄ နာရီလောက်အထိ အသုံးပြုလို့ ရတယ်လို့ ဆိုပါတယ်။
အားပြန်သွင်းလို့ရတဲ့ လစ်သီယမ် ဘက်ထရီပါဝင်လို့ အသုံးလည်း ခံပါတယ်။ သူလျှိုတွေပဲ သုံးဖို့ မဟုတ်ပါဘူး။ တောင်တက်ခရီး၊ အပျော် ခရီးသွားသူ များအနေနဲ့လည်း ယင်းမျက်မှန်နဲ့ ကြည်လင်ပြတ်သားသော ဗီဒီယိုများ မှတ်တမ်း တင်ထားနိုင်တဲ့အတွက် ထူးခြားတဲ့ Gadget လေးတစ်ခုပဲ ဖြစ်ပါတယ်။

0 comments:
Post a Comment