Facebook ဌာနချုပ်ကြီးမှာတောင် အဟက်ခံရတဲ့ အခြေအနေ တစ်ခု ကို ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ထမ်းများ အသုံးပြုနေတဲ့ လပ်ပ်တော့တွေထဲကို Virus ဆော့ဖ်ဝဲ တစ်ခု အသွင်းခံ လိုက်ရတာ ဖြစ်ပြီး ဘယ်သူမှ မသိလိုက်လို့ ဖြစ်ပါတယ်။
ဒီတော့ Facebook မှာ လုံခြုံရေး အင်မတန် အဆင့်မြင့်ထားတဲ့ သူများရဲ့  အကောင့်ကို ထိခိုက်သွားတယ်လို့ဆိုပါတယ်။ ဥပမာ - Only me တို့၊ Close Friend တို့၊ Custom Person တွေပဲ မြင်ခွင့်ရအောင် အလွံ့ အကျွံ့  Option ပေးထားတဲ့ user များရဲ့  အကောင့် ယာယီကျသွားပါတယ်။
ကံကောင်းသွားတာ တစ်ခုကတော့ Facebook ရုံးက လပ်ပ်တော့ တိုင်းမှာ Up to Date ဖြစ်တဲ့ Anti Virus ဆော့ဖ်ဝဲများ သွင်းထားတဲ့အတွက် အကောင့်များ လုံးဝ ပျောက်သွားတဲ့ အထိတော့ ဖြစ်မသွားဘူးလို့ ဆိုပါ တယ်။ ယာယီ ကျသွားပြီး ပြန်လည် ရရှိသွားပါတယ်။ အကောင့်က အချက် အလက်များကိုလည်း လုံခြုံအောင်ပြန် လည် ပြုလုပ် ထားပေးပြီ ဖြစ်ကြောင်း Facebook မှ ကြေညာခဲ့ပါတယ်။

0 comments:
Post a Comment