GB တောင် မဟုတ်ပါဘူး။ MB (Megabytes) အဆင့်ပဲ ရှိတဲ့ Hard disk ကြီး တစ်လုံး ဖြစ်ပါတယ်။
5MB စာ သိမ်းဆည်းနိုင်တဲ့ မှတ်ဥာဏ်ထိန်းစက် တစ်လုံး ဖြစ်ပြီး လေ ယာဉ်ပေါ် တင်ဖို့ ကြိုးစားနေစဉ် ဖြစ်ပါတယ်။ ယနေ့ 64GB ဆိုရင်တောင် မီလီမီတာ အဆင့်ပဲ ကျန်ရှိပါတော့မယ်။ အဓိက ပြောင်းလဲ သွားစေတဲ့ အချက်က Nano (နာနို) လို့ခေါ်တဲ့ နည်းပညာ ဖြစ်ပြီး ဝါယာကြီးခပ်များများ၊ ဆားကစ်ခပ်ကြီးကြီးတွေ ရစ်ပတ် တပ်ဆင် အသုံးပြုရတဲ့ ခေတ်ကနေ မှန်ဘီလူးနဲ့ သေကြာကြည့်မှ ကုဒ်ဖတ်လို့ရမယ့် ဆီးမီးကွန်ဒတ်တာ၊ ဒိုင်အုတ်၊ ထရိုင်အုတ် အထိ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက် ပြောင်းလဲ လာခြင်း ဖြစ်ပါတယ်။
ဒီအတွက် မှတ်ဥာဏ်သိမ်းဆည်းမှုကို လျှပ်စစ်သံလိုက်လှိုင်း/ Electromagnetic field/ radio wave/ digital wave အဖြစ်သို့ ပြောင်းလဲစေပြီး ယင်း စက်ကွင်းများ၊ လှိုင်းများ အမြဲတည်ငြိမ်အောင် ထိန်းထားပေးနိုင်မယ့် သတ္တု၊ အလွိုင်းအမျိုး အစား စုံစုံလင်လင်ကိုလည်း ဖန်တီးလာနိုင်ခဲ့ပါတယ်။
ဒီလို့ ပစ္စည်းများများလိုအပ်မယ့် ပစ္စည်းက ပစ္စည်းနည်းနည်းသာ လိုအပ်တော့ပြီး နောက်ဆိုရင် ဒီထက်မကတောင် ပိုပြီး သေးလာအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ချိန်က 3MB ဆိုတာသာ မရှိဘူး ဆိုရင်လည်း ဒီလို တီထွင်လာနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပုံမှာ ပြထားတဲ့ 3MB စက်ကြီးကို မြင့်ရတဲ့အခါ ပိုပြီး လေးစား ဖို့ တောင် ကောင်းနေပါသေးတယ်။
ref:techspace

0 comments:
Post a Comment