မိုင်းသုန် နည်ပညာဆိုက်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ မိုင်းသုန်ဆိုက်မှသီးချင်းများ နည်ပညာများ ကိုယ်တိုင်းရေးတာပါသလို သူများဆီကနေကူယူဖေါ်ပြတာလဲပါပါတယ် မိုင်းသုန်ဆိုက်ဟာ တည်ထောင်တာမကြာသေလို ပြည်စုံးမှုမရှိသေပါဘူး ဆက်လျှက်ကြိုးစားပါဦမည် fblike ပြီအားပေးကြပါ cbox တွင်အလိုရှိရာကိုတောင်ဆိုနိုင်ပါတယ် စိုင်းညီ adiman ဆက်သွယ်ရန် ghostluso@gmail.com

Samsung Galaxy S4 mini လည်းထွက်ရှိတာ့မည်

အနီးစပ်ဆုံးအနေနဲ့ လာမယ့် မေလ ၂၀ ရက်နေ့နောက်ပိုင်းက စလို့ Samsung Galaxy S4 mini တွေထွက်ရှိတော့မယ်လို့ သတင်းထွက်နေပြီ ဖြစ်ပါတယ်။ 

လက်ရှိ မြန်မာပြည်မှာ Samsung Galaxy S3 မီနီတောင် အတွေ့နည်းနေ ပါတယ်။ မီနီ S3 မှာတင် ပစ္စည်း ဒီလောက်ရှားတာ S4 မီနီ ကျတော့ မြန်မာပြည်ကို ဘယ်လောက်မှ ရောက်မယ်ဆိုတာ မခန့်မှန်း နိုင်သေး ပါဘူး။ ရောက်လာရင်လည်း ဈေးလည်းကြီးမယ့် အနေအထားမှာ ရှိပါတယ်။ 

Samsung Galaxy S3 မီနီတုန်းက 4.0-inch AMOLED display (720p HD), 1GB of RAM, 1GHz Dual core processor, 16GB of internal storage (expandable via micro SD card), Android 4.1 Jelly Bean, Wi-Fi, 3G connectivity အစရှိတဲ့ Specification များပါဝင်ပါတယ်။ S4 မီနီကျတော့ ဒီထက်သာ ပိုမြင့်မယ်ဆိုရင် S3 လောက်ကို ဖြစ်သွားမလားလို့ ခန့်မှန်းနေကြပါတယ်။ 

Samsung Galaxy S4 တောင် ဘယ်တော့ထွက်မလဲဆိုတာ သေချာ မကြေညာ ရသေးတဲ့အတွက် S4 mini အတွက်လည်း Samsung မှ တရားဝင် ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ သို့ပေမယ့် မီဒီယာ များကတော့ ထွက်ရှိရန်နီးကပ်နေပြီလို့ ပြောဆို ရေး သား နေပြီ ဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment