မိုင်းသုန် နည်ပညာဆိုက်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ မိုင်းသုန်ဆိုက်မှသီးချင်းများ နည်ပညာများ ကိုယ်တိုင်းရေးတာပါသလို သူများဆီကနေကူယူဖေါ်ပြတာလဲပါပါတယ် မိုင်းသုန်ဆိုက်ဟာ တည်ထောင်တာမကြာသေလို ပြည်စုံးမှုမရှိသေပါဘူး ဆက်လျှက်ကြိုးစားပါဦမည် fblike ပြီအားပေးကြပါ cbox တွင်အလိုရှိရာကိုတောင်ဆိုနိုင်ပါတယ် စိုင်းညီ adiman ဆက်သွယ်ရန် ghostluso@gmail.com

ခေါက်ပြီးသိမ်းမည့် တစ်ယောက်စီး ဆိုင်ကယ်

တကယ်ခေါက်ပြီး သွားလေရရာ သယ်သွားလို့ ရပါတယ်။ တူရကီက Antro အမည်ရ ကုမ္မဏီက ထုတ်တာ ဖြစ်ပြီး ဒီအတွက် ကြိုးစားလာတာ လေးနှစ် မက တော့ပါဘူး။ ၂၀၁၄ ခုနှစ်ကျတော့ တကယ်ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။

ဘက်ထရီနဲ့မောင်းမယ့် မော်တာကို သုံးထားပါတယ်။ တစ်နာရီ ၂၈ မိုင် ပျှမ်းမျှတော့ ပြေးပါတယ်။ အားတစ်ခါသွင်းထားပြီးရင် မိုင် ၃၀ ဝန်းကျင်လောက်ထိ မောင်းနိုင်တယ်လို့ ဆိုပါတယ်။ ပြီးရင် နောက်တစ်ခါ အားသွင်းရမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်က ကားကြပ်တဲ့ မြို့ ကြီးပြကြီးတွေမှာ အလွယ်တကူ သွားလာလို့ ရအောင် ထုတ်ထားပေးတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ လျှပ်စစ် စက်ဘီး တစ်စီးလိုပါပဲ။ MOVEO စကူတာလို့ အမည်ပေးထားပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂သောင်းခွဲမှ ၃သောင်းခွဲ ကြား အတွင်း ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

>>>ဆက်ဖတ်ရန်>>> >>

ကွေးကွေးကောက်ကောက် Laptop Pandora

Pandora Flexible Laptop PC concept လို့ ခေါ်ပါတယ်။ ဒီဇိုင်နာ ကတော့ Jeabyun Yeon ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ကွေးကောက်လို့ရအောင် အသုံးပြုမယ့် Matel က ဖိုက်ဘာ+ LED ဖြစ်ရပါမယ်။ ဖိုက်ဘာအပျော့ ပိုလီမာ ဆီလီကွန် တည်ဆောက်မှုနဲ့ ကြည်လင်ပျက်သားတဲ့ အမြင့်ကိုပေးမယ့် LED မျက်နှာပြင်ပေါင်းစပ်မှုဆိုတာ ပြီးခဲ့တဲ့ ၂၀၁၃ CES မှာ ကတည်းက ဝင်ရောက် ပြသခဲ့ကြပြီး ဖြစ်ပါတယ်။ အဲ့တုန်းက စမတ်ဖုန်း အနေနဲ့ ဖြစ်လာဖို့ ပြသခြင်း ဖြစ်ပါတယ်။

ယခုတော့ လပ်တော့ ဆိုတော့ ဘယ်တော့ ဖြစ်လာမလဲဆိုတာ အာမခံလို့ မရသေးပါဘူး။ အနည်းဆုံး ၁ နှစ်ခွဲလောက်ကတော့ အချိန်ယူပြီး ဖန်တီးရမယ့် Laptop လို့ ဆိုပါတယ်။ သယ်သွားလို့လည်းလွယ်မယ်၊ အကြမ်းလည်းခံမယ်။ ကွေးကောက်ပြီးတော့လည်း သုံးလို့ရမယ်။ ပေါ့မယ်။ ပါးမယ် ဆိုတော့ လူမကြိုက်မှာ စိတ်မပူရပါဘူး။

လက်ရှိမှာတော့ Concept သာ ရှိသေးပေမယ့် Pandora ဟာ မကြာမီ နှစ်များ အတွင်း ဖြစ်လာမယ့် laptop PC ဖြစ်ကြောင်း သိရပါတယ်။
--

ဂျိမ်းစဘွန်းမျက်မှန်မဟုတ်တဲ့ HD မျက်မှန်

ဂျိမ်းစဘွန်းရုပ်ရှင်ထဲကလိုပဲ မျက်မှန်နဲ့ ဗီဒီယိုမှတ်တမ်းတင်တာမျိုး လုပ်လို့ ရတဲ့ ပစ္စည်းများ ပေါ်တာ အတော်လေးကြာပါပြီ။ သို့ပေမယ့် HD ဗီဒီယို အဆင့် ရုပ်ထွက်ပျက်သားတာ ကတော့ ယခုမှ ထုတ်လုပ်တဲ့ Vision HD Video Glasses ဖြစ်ပါတယ်။

16GB MicroSD ကဒ်ကို မျက်မှန်ရဲ့  တစ်နေရာမှာ ထည့်သွင်းပေးထား ပါတယ်။ USB ပေါက်ပါပြီး ကွန်ပြူတာနဲ့ ပြန်ချိတ်လို့ Data Transfer လုပ်လို့ ရပါတယ်။ ဗီဒီယိုရိုက်ဖို့ ၄ နာရီလောက်အထိ အသုံးပြုလို့ ရတယ်လို့ ဆိုပါတယ်။

အားပြန်သွင်းလို့ရတဲ့ လစ်သီယမ် ဘက်ထရီပါဝင်လို့ အသုံးလည်း ခံပါတယ်။ သူလျှိုတွေပဲ သုံးဖို့ မဟုတ်ပါဘူး။ တောင်တက်ခရီး၊ အပျော် ခရီးသွားသူ များအနေနဲ့လည်း ယင်းမျက်မှန်နဲ့ ကြည်လင်ပြတ်သားသော ဗီဒီယိုများ မှတ်တမ်း တင်ထားနိုင်တဲ့အတွက် ထူးခြားတဲ့ Gadget လေးတစ်ခုပဲ ဖြစ်ပါတယ်။

မြင်နိုင်သော မျက်လံးအတု တီထွင်အောင်မြင်

တကယ်မြင်နိုင်တဲ့ မျက်လုံးအတုပဲ ဖြစ်ပါတယ်။ အမေရိကန် ဆေးနှင့် ကျန်းမာရေး စစ်ဆေးရေးအဖွဲ့က အသိအမှတ်ပြုပြီးရင် အသုံးပြုနိုင်တော့ မှာ ဖြစ်ပါတယ်။

စက်ရုံမျက်လုံးလို့လည်းခေါ်နိုင်ပါတယ်။ အတွင်းမှာ ကင်မရာပါပြီး အီလက် ထရုတ် အချောင်း ၆၀ လောက် အသေးစိတ်ကို ထည့်သွင်းထား ပါတယ်။ တကယ့် မျက်လုံးတစ်လုံးနီးနီး မမြင်ရရင်တောင် သာမန်လူတစ်ယောက် လမ်းလျှောက်သလိုပဲ သွားလာအသုံးပြုနိုင်ရမယ်၊ စာဖတ်နိုင်ရမယ်လောက် ထိ ကို ကြိုးပမ်းထားပါတယ်။

Megapixel အနိမ့်အမြင့်က နောက်မှ တစ်ဆင့်ချင်းဆီသွားလို့ အဆင်ပြေပါ တယ်။ လက်ရှိ ဖြတ်သန်းခဲ့တဲ့ အဆင့်ကတော့ မျက်ခွံအိမ်မှာပါတဲ့ အာရုံကြောစနစ်အားလုံးနဲ့ စက်ရုပ်မျက်လုံးက ဝါယာနဲ့ ဆားကစ် များအချိတ် အဆက် မိစေဖို့ ဖြစ်ပါတယ်။ ယခု အဲ့အဆင့်ကို အောင်မြင်သွားလို့ မျက်မမြင်၃ လူအယောက် ၆၀ လောက်နဲ့ စမ်းသပ်ကြည့် တာ အောင်မြင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အနာဂတ်မှာ မျက်မမြင်များအတွက် အမြင်အာရုံ ပြန်လည်ရရှိစေမယ့် နည်းလမ်း တစ်ခုပဲ ဖြစ်ကြောင်း သိရ ပါတယ်

လေယာဉ်လို မြန်မယ့် ဆိုင်ကယ် The Yog

စီးရမယ့် ပုံစံက သက်သောင့်သက်သာ ရှိမရှိတော့မသိပါဘူး။ သေချာတာ ကတော့ အစားစားပြီးချင်း စီးလို့ကောင်းမယ့်ပုံ မပေါ်ပါဘူး။ ဗိုက်မောက်ပြီးစီး ရမယ်ဆိုတော့ နေရထိုင်ရတော့ တစ်မျိုးဖြစ်နေပါလိမ့်မယ်။

Lightning Powered Bikes ဖြစ်ပြီး The Yog သုံးဘီးဆိုင်ကယ် ဖြစ်တယ်လို့ ဆိုပါတယ်။ တပ်ဆင်မယ့် အင်ဂျင်ကလည်း လေယာဉ်တာဘိုအင်ဂျင်လို့ ဆိုပါတယ်။ မောင်းမှာက ပန်ကာ မဟုတ်ပဲ ဘီးဖြစ်နေပါတယ်။ ဒီတော့ ဆီမသုံးပဲ လျှပ်စစ်ပါဝါချည်းနဲ့ဆို အဆင်ပြေမယ်လို့ဆိုပါတယ်။ ဘီးအရွယ်က တော်တော်ကိုကြီးပါတယ်။ ရာဘာသား ကောင်းကောင်း နဲ့ ပြုလုပ်ထားပြီး အက်ဆီးဒန့်ဖြစ်တဲ့အခါ မောင်းနှင်သူနဲ့ ဆိုင်ကယ်ကို အထိမနာအောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဘက်ထရီတစ်လုံးတပ်ဆင်ထားရုံနဲ့တင် မြန်မြန်မောင်းရမယ့် ပြိုင်ဆိုင်ကယ်လို့ ဆိုပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်းသာ ခွစီးရမယ့် The Yog ဆိုင်ကယ် က ဒီဇိုင်းမှာတင်မဟုတ်ပဲ တကယ်ထွက်လာမယ်ဆိုရင် အားကစား သုံးပဲ ဖြစ်ဖို့များကြောင်း သိရပါတယ်။

ထိုးဖောက်မြင်ရသော ဖန်သားပြင်ဖြင့် iPad

Apple က ဖန်တီးတာတာ့ မဟုတ်ပါဘူး။ ဒီဇိုင်နာ Ricardo Luis Monteiro က သူ့စိတ်ကူး အိုင်ဒီယာနဲ့ ဖန်တီးတဲ့ ဒီဇိုင်းဖြစ်ပြီး Apple ခရေဇီတို့ အကြား လူကြိုက်များခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကသာ ပုံက ပြထားတဲ့အတိုင်း ဒီဇိုင်းကိုပြရင် မဖြစ်နိုင် သေးဘူးလို့ ငြင်းလို့ရပါတယ်။ ယခုချိန်တော့ မဟုတ်တော့ပါဘူး။ ၂၀၁၃ နှစ်ဆန်းမှာတင်ကို ကွေးညွန့်တဲ့ စမတ်ဖုန်းမျက်နှာပြင်တွေရော၊ ထိုးဖောက်မြင်ရတဲ့ LED မျက်နှာပြင်တွေရော ကုမ္မဏီအသီးသီးက ထုတ်ဖော် ပြသနေကြပြီ ဖြစ်ပါတယ်။

ဒီတော့ ပုံမှာ ပြထားတဲ့ iPad မျိုးက ဖြစ်မလာဘူးလို့ မဆိုနိုင်တော့ပါဘူး။ သူ့ဟာနဲ့သူကတော့ ဟုတ်နေပါတယ်။ တကယ်ပဲ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်မှာ ရုပ်ထွက်ကောင်းကောင်းနဲ့ ထိုးဖောက်မြင်ရမယ် ဆိုတော့ အသုံးပြုတဲ့ ဟာ့ဒ်ဝဲများအပေါ် ပိုပြီး အဓိကကျစေ၊ မူတည်နေပါတယ်။ Apple သာ ဒီနှစ်သို့မဟုတ် နောက်နှစ်လောက် ဖန်သားပြင်နဲ့ iPad ကို ထုတ်နိုင်မယ်ဆိုရင် ကမ္ဘာမှာ နံပါတ် ၁ Innovative ကုမ္မဏီအဖြစ် ဆက်လက် တည်ရှိနေအုံးမယ်လို့ ခန့်မှန်းထားကြောင်း သိရ ပါတယ်။

ရေစိုခံ အားကစားဘက်စုံသုံး Sony MP3 player

ရေကူးရင်း သီချင်းနားထောင်လို့ရမယ်လို့ ဘယ်သူ စိတ်ကူးကြည့်ဖူးပါသလဲ။ တကယ်ပဲ ရေကူးရင်းနဲ့ သီချင်းနားထောင်လို့ရမယ့် MP3 ကို Sony က ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

Walkman စီးရီးထဲကနေပဲ တစ်မျိုးအဖြစ် ထွက်ရှိလာမှာ ဖြစ်ပြီး Sony Sport W လို့ အမည်ပေးထားပါတယ်။ ရေကူးရင်းနဲ့ သီချင်းနားထောင် တာ တောင် ရတယ်ဆိုတော့ အခြားသော အားကစားတွေမှာလည်း အသုံးပြု လို့ ရမရဆိုတာ မေးနေစရာ မလိုပါဘူး။ Walkman ရဲ့  အသံထွက် စနစ်က အပြစ်ရှာစရာ နည်းပါတယ်။ MP3 လောကမှာ Sony ကလည်း သက်တမ်း အကြာဆုံး ရပ်တည်လာတဲ့ ကုမ္မဏီထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

၃ မိနစ် အားသွင်းပြီးရင် ၁ နာရီတိတိ မနားတမ်း နားထောင်လို့ရတယ်လို့ ဆိုပါတယ်။ အံ့မခန်းပါပဲ။ အားအပြည့်သွင်းထားရင် ၈ နာရီ ကတော့ အေးဆေး နားထောင်လို့ရမယ်လို့ ဆိုပါတယ်။ သီချင်း အပုဒ်ပေါင်း ၈၀၀ ဆံ့မယ် 4GB Memory နဲ့ ဆိုတော့ အနေတော်ပါပဲ။ အပုဒ် ၈၀၀ လုံးတောင် နားထောင်ဖြစ်မှာမဟုတ်ပါဘူး။

ပုံစံလည်းလှ၊ အရောင်စုံလည်း ရွေးချယ်လို့ရမယ့် Sony Sport W ရဲ့  ဈေးနှုန်းတော့ မသိသေးပါဘူး။ ၂၀၁၃ ခုနှစ် နှစ်ဆန်းအတွင်း ထွက်ရှိမယ် လို့ ကြေညာထားတာမို့ မကြာမီ ဈေးကွက်ရောက်ရှိလာမယ့် Gadget တစ်ခု ဖြစ်ကြောင်း သိရပါတယ်။