| download |
မကြာမီ ထွက်ရှိမည့် Lexus LF-LC

Lexus LF ဆိုတာ တိုယိုတာ ဂျပန်မှ အနာဂတ်မှာ ထုတ်လုပ်မယ့် Lexus ဇိမ်ခံ ကားများ ဖြစ်ပါတယ်။
ယင်းကားထဲမှာမှ ဒီဇိုင်းခပ်လန်းလန်း တစ်စီးကတော့ Lexus LF-LC ဖြစ်ပါတယ်။ ၂၀၁၂၊ ဇန်နဝါရီလက ဒတ်ထရွိုက်မော်တော် ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသမည့် ကား မဂ္ဂဇင်းတွေထဲမှာလည်း မျက်နှာဖုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ယခုထိတော့ ဈေးကွက် မရောက်ရှိ သေးပါဘူး။ သို့ပေမယ့် မကြာမီ ဖြန့်ချိတော့ မှာ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဒီဇိုင်းကတော့ အသားနားဆုံးပဲ ဖြစ်ပါတယ်။ ရှေ့ အင်ဂျင် နောက်ဘီးမောင်းစနစ်၊ အတွင်းခန်းတွင်၁၂ လက်မ LCD တပ် ထိန်းချုပ်စနစ်၊ တံခါးလက်ကိုင်တွင် စမတ်ဖုန်းအရွယ် Touch screen ထိန်းချုပ် စနစ် ပါဝင်၊ ဟိုင်းဘရစ် ကားအမျိုးအစား ဖြစ်ပါတယ်။
ဒီအတွက် အင်ဂျင်ပါဝါ ဘယ်လောက်ရှိမယ်။ ဟိုင်းဘရစ်ဘက်ထရီ ဘယ်လောက် စွမ်းမယ် ဆိုတာကိုတော့ အတိအကျ မကြေညာသေးပါဘူး။ သို့ပေမယ့် ပါဝါကြီးကြီး ကားတွေထဲမှာ ပါဝင်မှာ ဖြစ်တယ်လို့ ခန့်မန်းထားကြ ကြောင်း သိရပါတယ်။

Samsung Mobile ဆိုတာ

Samsung Group ထဲမှာကိုမှ Samsung Electronic ဆိုပြီး ထပ်ကွဲပါ တယ်။ ပြီးတော့ ယင်းထဲကနေမှ Samsung Telecommunication Business ဆိုပြီး နောက်တစ်ခု ထပ်မံကွဲထွက်ပြီး ဆက်သွယ်ရေးနဲ့ ဆက်စပ် အီလက်ထရောနစ် ပစ္စည်း၊ အိုင်တီ ပစ္စည်းများကို ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ Samsung Mobile လို့လည်း ခေါ်ဆိုပါတယ်။
Samsung Mobile ဟာ ကမ္ဘာမှာ ရောင်းအားအကောင်းဆုံး ဖုန်းနဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများကို ပိုင်ဆိုင်ထားပါတယ်။ အာရှ၊ ဥရောပ၊ အမေရိက အပြင် အခြားသော အရပ်ရပ်များမှာလည်း Samsung ရဲ့  အမာခံ ပရိတ်သတ်များ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာလည်း Samsung ရဲ့  ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်လို့ Samsung ရဲ့  အီလက်ထရောနစ် ပစ္စည်းများကို အလွယ်တကူ ရရှိနိုင်အောင် ဖန်တီးပေးနေပြီ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်က လူကြိုက်များ ထိပ်တန်းဖုန်းစာရင်းထဲမှာ Samsung မှ ပါဝင်နေပါတယ်။
Samsung မှ ထုတ်လုပ်တဲ့ ဆက်သွယ်ရေးနဲ့ ဆက်စပ် အီလက်ထရောနစ် ပစ္စည်းတိုင်းဟာ အသုံးပြုရ လွယ်ကူပြီး User Interface ထူးခြား ကောင်းမွန် တဲ့အတွက် ပြည်တွင်းမှာတင် user တိုးသထက် တိုးလာပါတယ်။ Samsung Mobile ရဲ့  တရားဝင် ဝဘ်ဆိုဒ်အချို့ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
http://www.twitter.com/SamsungMobile
http://www.youtube.com/SamsungMobile
http://www.samsungapps.com

သင်္ချာဂဏန်းဖြင့် အလှဆင်သော Bugatti Veyron Grand Sport Bernar

ပြင်သစ် Bugatti ကို ပြင်သစ် ဗိသုကာ ဆရာ Bernar Venet မှ ပြန်လည် အလှဆင် ထားမှု ဖြစ်ပါတယ်။
ဒီတော့ ကားကို Bugatti Veyron Grand Sport Bernar လို့ အမည်ပေး ပါတယ်။ အနီရောင်နဲ့ နက်ရောင်ရောပြီး သင်္ချာ အီကွေးရှင်း၊ အက္ခရာ ဂဏန်းများနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။ အဝေးကနေ ကြည့်ရင်တော့ အပွင့်အခြပ်နဲ့ ဖန်တီးတယ်လို့ ထင်ရပေမယ့် အနီးက ကြည့်လိုက်ရင် သင်္ချာ ဂဏန်းများကို အသေးစိတ် မြင်ရမှာ ဖြစ်ပါတယ်။
Edition အနေနဲ့ တစ်စီးတည်း ဖန်တီးထားခြင်း ဖြစ်ပြီး မီယာမီ ကမ်းခြေ မှာ ပြသခဲ့ပါတယ်။
အင်ဂျင် - ၈၀၀၀ စီစီ
မြင်းကောင်ရေအား - ၁၁၈၄
မောင်းနှင်နိုင်အား - တစ်နာရီ ၂၆၇.၈၅၆ မိုင်
ကားဝိတ် - ၄၁၆၂ ပေါင်
ဂီယာ - ၇ ချက် (အော်တို၊ ရိုးရိုး)
ဈေးနှုန်း ကတော့ အမေရိကန်ဒေါ်လာ ၂.၇ သန်းအထက်မှာ ရှိပြီး Limited Edition ဖြစ်တဲ့အတွက် ထင်ထားတာထက် ပိုမို ဈေးနှုန်း မြင့်မားနိုင်ကြောင်း သိရ ပါတယ်

Blog ဖန်တီးလို့ စီးပွားရေးလုပ်မယ်
လူတိုင်းတတ်မှ၊ သိမှ လူတိုင်းဖွံ့ဖြိုးမယ်။ တိုးတက်မယ်၊ အဆင်ပြေမယ်။ လူတိုင်း အဆင်ပြေမှ တိုင်းပြည် အဆင်ပြေမယ်။ အားလုံး အတွက် မျှဝေတာ အကောင်းဆုံးပါပဲ။ ယခု မောင်အောင်ခမ်းမှ တတ်သိသလောက် Blog ကနေ စီးပွားရှာနည်း တွေကို တင်ဆက်ပေးပါမယ်။ လူတိုင်း လုပ်နိုင်လို့ အကျိုးရှိမယ်လို့ မျော်လင့်ပါတယ်။
Blog ဆိုတာ
ကြီးကြီးကျယ်ကျယ် ရှင်းပြစရာတောင် လိုမယ်မထင်ပါဘူး။ မြန်မာပြည်မှာ ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကတည်းက နာမည်ကြီး ဘလော့ဂါများ ရှိခဲ့ပါတယ်။ သို့ပေမယ့် စီးပွားမရှာခဲ့ပါဘူး။ စာရေးသူ မသိတာ လည်း ဖြစ်ပါ လိမ့်မယ်။ Blog ဆိုတာ သာမန် ဝဘ်ဆိုဒ် တစ်ခုလိုပါပဲ။ သို့ပေမယ့် မတူညီ တာ တစ်ခုက သူက အကြမ်းနည်းနည်းဆန်ပါတယ်။ မှတ်စုသဘောမျိုးရေး မှတ်ပြီး လူတိုင်းလာဖတ်စေဆိုပြီး ချပြတဲ့ သဘောနည်းနည်း သက်ရောက်ပါ တယ်။ ဒီလိုနဲ့ ရေးချင်ရာရေး၊ တင်ချင်ရာတင်လုပ်ကြရင်း Blog ဆိုတာ ကမ္ဘာ့လည်ပတ်ချင်စရာ အကောင်းဆုံး ဆိုဒ်တစ်ခုထဲ စာရင်းဝင်လာပါတယ်။
Blog ဆိုတာ Google က အလကား သက်သက် ဝန်ဆောင်မှုပေးတဲ့ www.blogger.com ဖြစ်ပြီး ကိုယ်ဖန်တီးလိုက်တဲ့ Blog တိုင်းဟာ ယင်း Blog အုပ်စုထဲမှာပါဝင်ပါတယ်။ အားသာချက်ကတော့ ပိုက်ဆံ ပေးစရာ မလိုပဲ အခမဲ့ပြုလုပ်ရခြင်းဖြစ်ပြီး လူတိုင်းရေးနိုင်လို့ ဖြစ်ပါတယ်။ ဒီတော့ အရင်းအနှီးမရှိပဲ စီးပွားလုပ်နိုင်တဲ့ နေရာလို့တောင် ဆိုနိုင်ပါတယ်။
Blog တစ်ခုဖန်တီးဖို့မခက်ပါဘူး။ www.blogger.com ကိုဝင် Create Free Blog ကိုနှိပ်ပြီး သူပေးတဲ့ အဆင့်အတိုင်း Step by Step သွားရင် Blog တစ်ခုအလွယ်တကူ ရပါတယ်။ ဒီလိုနဲ့ ဟိုပေါင်း
အင်္ဂါစုံရမယ်
အရေးအကြီးဆုံး အချက်ပါပဲ။ စီးပွားတော့ ရှာချင်သပ ကိုယ် ဖန်တီးထားတဲ့ Blog က အင်္ဂါမစုံရင် အလကားပါပဲ။ အင်္ဂါစုံဆိုလို့ အခြားမဟုတ်ပါဘူး။ ကြည့်ပျော်ရှုပျော် အခြေအနေမဟုတ်ပဲ တကယ့်ကို အကျိုးကျေးဇူး များစွာဖြစ်ထွန်းစေတဲ့၊ Visitor များအတွက် အကျိုးထူးမယ့် Blog တော့ ဖြစ် ရပါမယ်။ သတင်းအချက်အလက်လား၊ နည်းပညာလား၊ တေးဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ သတင်း၊ သုတ၊ ရသ၊ စာပေ အစရှိသဖြင့် ကိုယ်သန်ရာလိုင်း တစ်ခုခုတော့ ရှိရမယ်လေ။ အားလုံးကို ရေးနိုင်သပဆိုရင် လည်း ရေးနိုင်ပါ တယ်။
Update ဖြစ်နေရမယ်
အချို့ က စိတ်ကူးရှိတုန်း Blog ကောက်ထောင်လိုက်ပါတယ်။ နောက်တော့ Update မလုပ်ဖြစ်တဲ့ရက်က များတော့ စီးပွားလုပ်ဖို့ဆို ဝေလာဝေး။ ကိုယ်ရေးချင်ရာရေးပြီး စိတ်ပါမှ Post တင်မယ်ဆိုရင် ယင်း Blog မှာ သရဲခြောက်မှာ သေချာပါတယ်။ ဒီတော့ ကိုယ့် Blog ကို နေတိုင်းလူကြည့်ဖို့ ဆိုတာမှာ အရေးကြီးဆုံးက Up to Date ဖြစ်နေဖို့ပါပဲ။
စွဲဆောင်မှု ရှိရမယ်
တကယ်တန်း ခေါင်းစဉ်တပ်ရရင် ထူးထူးခြားခြား ပေးစွမ်းနိုင်စွမ်း ရှိရမယ် ဆိုတာမျိုးပါ။ ထူးထူးဆန်းဆန်း ဆိုလို့ မဟုတ်က ဟုတ်က ပုံတွေတင်ပြီးတော့ စွဲဆောင်တာမျိုးကို ဆိုတာလည်း မဟုတ်ပါဘူး။ ကိုယ်ဖန်တီးတင်ဆက် ပေးတဲ့ အကြောင်းအရာက လာလည်သူ၊ လာဖတ်သူ၊ ကြည့်သူများအတွက် အကျိုးကျေးဇူး များရပါမယ်။ သတင်းရလိုက်တာမျိုး၊ ဗဟုသုရလိုက်တာမျိုး၊ အနုပညာခံစား ချက်လေး ပေးနိုင်လိုက် တာမျိုးတို့ဆိုရင် ယင်း Blog က လူစိတ်မဝင်မစားပဲ မနေပါဘူး။ ဒီလိုနဲ့ Site ရဲ့  လူဝင်ကြည့်နှုန်း (Traffic) က တက်တစ်ထက် တက်နေတော့ မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘလော့ရေးသားသူရဲ့  စကေးက အရမ်းအဓိက ကျသွားပါတယ်။ လူကြည့်မများတဲ့ Blog ဆိုရင်လည်း ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ဒီ Traffic ဇယားကိုကြည့်လို့ နိုင်ငံတကာမှာ စီးပွားရေးလုပ်နေကြတာဖြစ်ပါတယ်။
စီးပွားရှာတော့မယ်
ဒီမှာ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းကိုရောက်သွားပါပြီ။ ဆောင်းပါးရဲ့  ရည်ရွယ်ချက်က ခုမှ ရောက်ပါတယ်။ ဘယ်လိုစီးပွားရှာကြမလဲ။ ကိုယ်တွေ ဘယ်လိုရှာမလဲဆိုတာထက် နိုင်ငံတကာမှာ ဘယ်လိုရှာသလဲဆိုတာကို အရင်လေ့လာရပါတယ်။ စာရေးသူ လေ့လာမိသလောက်ကတော့ ဒီလိုရှိပါ တယ်။
Paid Review
သတင်းတစ်ပုဒ် သို့မဟုတ် ကုန်ပစ္စည်းတစ်ခုကို အချက်ကျကျရေး သားတင်ဆက်ပေးတာမျိုးပါ။ Paid review နဲ့ ကမ္ဘာမှာအောင်မြင်နေတဲ့ Blog တွေအများကြီးပါပဲ။ ဥပမာ - www.pocket-lint.com , www.engadget.com , www.phonearena.com ။
အထက်ပါ ဥပမာ တွေက နည်းပညာ ပစ္စည်းပဲ ရှိပါသေးတယ်။ အခြားသော လူသုံးကုန် အဝတ်အထည်၊ စားသောက်ကုန်၊ မော်တော်ယာဉ်၊ နေအိမ်သုံး၊ ရုံးသုံး ပစ္စည်းပစ္စယ စုံစုံလင်လင်တို့၊ အခြားသော အီလက်ထရောနစ် ပစ္စည်းတွေကို နေ့စဉ် Paid Review ပုံစံနဲ့ တင်ဆက်ပေးနေတဲ့ ဆိုဒ်တွေ တစ်ပုံမှ တစ်ပုံကြီးပါပဲ။ သူတို့ရဲ့  တစ်လတာ ပျှမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ သိန်းနဲ့တောင် ချီတယ်လို့ ကြားဖူးပါတယ်။ ဒါကြောင့် တစ်ယောက်တည်း လှုပ်ရှားနေရာကနေ အစုအလိုက်အဖွဲ့ လိုက်တွေ ဖြစ်သွားကြပြီး ကုမ္မဏီကြီးတွေ ဖြစ်လာပါတော့တယ်။
ဥပမာ - ဒီဖုန်းက ဘယ်လိုဘယ်လို သုံးလို့ကောင်းတယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ဘယ်ဆိုင်မှာ သွားဝယ်လို့ ရပါတယ်။ ကွိစကွစနဲ့ တစ်ခုလုံး ဖတ်ပြီး အော်. ဒါဟာ ကြော်ငြာပါလားလို့ သိရတယ်လေ။ ဒါလည်း ကောင်းပါ တယ်။ ကိုယ့်အတွက်လည်း ဗဟုသုတ ရတယ်လေ။ ပြီးတော့ ဒီလိုရေး ထားတော့ ရေးထားတဲ့ ပေးထားတဲ့ လိပ်စာမှာပဲ ဝယ်ချင်စိတ်တွေပေါက် သွားတာပေါ။ ဒါကလည်း ရေးသားတဲ့ skill က ပိုအခရာ ကျသွား ပါတယ်။ ရေးတတ်လေလေ စိတ်ဝင်စားလေလေ၊ ပိုကြော်ငြာလေလေပါပဲ။
ဘယ်စားသောက်ဆိုင်ကတော့ ဘယ်လိုဟင်းလျာတွေရတယ်။ ချိုတယ်၊ ငံတယ်၊ ပေါ့တယ်၊ ခါးတယ် အစရှိသဖြင့်ကလည်း စားသောက်ဆိုင် မိတ်ဆက်ကြော်ငြာသဘောပါပဲ။ ဒါလည်း Review ကဏ္ဍထဲကို ဝင်သွားပါတယ်။ ဒီအတွက် နိုင်ငံတကာမှာ ကောက်ခံတဲ့ဈေးနှုန်းက အစားစားရှိပါတယ်။ ဈေးအကြီးဆုံးအနေနဲ့ Paid review တစ်ပုဒ်ကို အမေရိကန်ဒေါ်လာ ၁ သောင်းဝန်းကျင်တောင် ရှိတယ်လို့ ဖတ်ဖူး၊ သိဖူးပါတယ်။
Banner
Banner တွေလည်း Blog တွေမှာတင်ပါတယ်။ သို့ပေမယ့် Paid Review ကို စီးပွားရေး လုပ်ငန်းရှင်တွေ ပိုကြိုက်ကြပါတယ်။ Banner ဆိုတာ အခြား မဟုတ်ပါဘူး။ Blog ဆိုဒ်မှာ ကြော်ငြာစရာ နေရာလေး တစ်ခုမျှသာ ဖြစ် ပါတယ်။ ယင်းကြော်ငြာနေရာမှာ လာကြော်ငြာမယ့် ကုမ္မဏီတွေက သူတို့ကြိုက်ရာပုံဖြစ်ဖြစ်၊ Link ဖြစ်ဖြစ်လာတင်ပါမယ်။ တင်ထားတဲ့နေရာ ကနေ လာလည်သူက မှားနှိပ်မိရင် သူတို့ဆိုဒ်ကို တန်းရောက်ပါလေရော။ ဒါကလည်း ကြော်ငြာနည်း တစ်မျိုးပါပဲ။ သို့ပေမယ့် တစ်ခုရှိတာက Blog တွေမှာ Banner လုပ်ရမလွယ်ပါဘူး။ အလကားပေးထားတဲ့ ဆိုဒ်ကိုတောင် Banner နဲ့ စီးပွားရေးလုပ်စားစေဖို့ လောက်ထိ Google က သဘောမကောင်းပါဘူး။ ဒီတော့ လုပ်ချင်သပဆိုရင် Free Blog ကနေ Paid ဗားရှင်း ပြောင်းရုံပါပဲ။ ဒါဆိုရင် ကိုယ်လိုသလို ဖန်တီးလို့ရပါပြီ။ ကိုယ်တတ်နိုင်သလောက် ကြော်ငြာစရာ အကွက်လေးတွေ ဖန်တီးနိုင်ပါတယ်။ ဒါတွေလုပ်ဖို့အတွက် Google မှ တိုက်ရိုက်ဝယ်ယူတဲ့ Service သော်လည်းကောင်း၊ ကြားခံ Service Provider မှသော်လည်းကောင်း ကိုယ်အဆင်ပြေသလို ပြုလုပ်နိုင်ပါတယ်။
နိုင်ငံခြားမှာနေတဲ့သူ ဒီနေရာမှာ တစ်ခုကောင်း ပါတယ်။ နိုင်ငံခြားမှာနေမှ ရယ်ကို မဆိုလိုပါဘူး။ နိုင်ငံတကာက သုံးနေတဲ့ အွန်လိုင်း ငွေလွဲစနစ် အကောင့်၊ ကဒ်ရှိသူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယင်းကဒ်များနဲ့ Google ကို ငွေချေလို့ ကိုယ်လိုသလို ဖန်တီးလို့ရတဲ့ စနစ်လည်း ရှိပါသေးတယ်။ Google ရဲ့  Blog ပေးရခြင်း ရည်ရွယ်ချက်ကလည်း ဒါပါပဲ။ ကော် မရှင်ကြေးဖြတ်လို့ သူတို့လည်း ပိုက်ဆံရစေလို သဘောနဲ့ Blog တွေ အလကား ပေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ တစ်နေ့ ဒါတွေ ဖြစ်လာတော့မှာပါ။
အခြားသော နည်းလမ်းများ
အထက်ပါ နှစ်ခုကတော့ ပင်မ နည်းလမ်းပါပဲ။ မြန်မာပြည်ရဲ့  လက်ရှိအနေ အထားမှာဆိုရင်ကို ပြောတာပါ။ ပုံတွေမှာ Link စာကြောင်းတွေပေါ်နေပြီး ကြော်ငြာဆိုဒ်ဝင်တာမျိုး၊ စာဖတ်နေရင်း စာအောက်မှာ Link လေးတွေ မြင်နေရတာမျိုးကလည်း ဆိုဒ်ကြော်ငြာနည်း တစ်မျိုးပါပဲ။ အချို့ ကျပြန်တော့ ကိုယ်က Blog တစ်ခုထောင်ပြီး ကုမ္မဏီကြီးတစ်ခုနဲ့ ပါတနာ ဖွဲ့ပစ်ပါတယ်။ ဘယ် ကုမ္မဏီမှလက်မခံတော့ ပါဘူး။ ယင်း ကုမ္မဏီက ထွက်နေတဲ့ ကုန်ပစ္စည်းအားလုံးကို ထွက်လျှင် ထွက်ချည်း Blog မှာ ကြားညှပ်ပြီး ကြော်ငြာပေးတာမျိုးတို့ လုပ်ပါတယ်။ Review တွေတင်ပေးပါတယ်။ သတင်းအချက်အလက်တွေ တင်ပေးပါတယ်။
အချို့ ကျပြန်တော့လည်း အပြောင်းပြန်ပါ။ အင်တာနက်မှာ နာမည်ကြီးနေတဲ့ စာရေးဆရာ သို့မဟုတ် ဘလောဂ်ဂါ သို့မဟုတ် Blog ဆိုဒ်တစ်ခုကို Fully Sponsor ပေးတဲ့သဘောနဲ့ တရားဝင်ကြေညာ ပါတယ်။ ဒါကလည်း ကြော်ငြာနည်းတစ်မျိုးပါပဲ။ ဒီလိုနဲ့ ကမ္ဘာမှာ Blog ကိုအခြေခံလို့ ငွေအလွဲအပြောင်းက နှစ်စဉ် ဒေါ်လာ သိန်းသန်းမက ရှိပါတယ်။ အွန်လိုင်းစီးပွားရေး စနစ်မှာ Blog ကိုအခြေခံတဲ့ စီးပွားရေးက ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တော်တော်လေး တွင်ကျယ်ပါတယ်။ အချို့ ကျတော့ blogspot.com ပါနေတာကို လူမရှိန်ဘူးလို့ ထင်ကြပါတယ်။ အဲဒါက အဓိက မဟုတ်ပါဘူး။ သို့ပေမယ့် .blogspot.com ဖြစ်နေတာကို .com ဖြစ်ဖို့ Upgrade လုပ်နိုင်ပါတယ်။ ဘယ်လောက်မကုန်ကျပါဘူး။ စာရေးသူရဲ့  Blog ဆိုရင် သောင်းဂဏန်းပဲ ကုန်ကျပါတယ်။
ဒီလို Blog နဲ့ စီးပွားရှာနည်းရေးတယ်ဆိုတော့ blog ရှိရဲ့ လားလို့ သိချင် မယ်ထင်ပါတယ်။ စာရေးသူတို့ Augest Myanmar Media Group မှ - Techspace ဂျာနယ်ရဲ့  Blog က http://blog.techspace.com.mm/ ဖြစ်ပြီး မောင်အောင်ခမ်းရဲ့  Blog ကတော့ www.innewsmyanmar.com ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီထက် အဆပေါင်းများစွာ ကောင်းတဲ့၊ သာတဲ့ Blog တွေအများကြီး ရှိပါတယ်။ ယင်း Blog တွေက ဘယ်လို Theme တွေရွေးတယ်။ ဘယ်လိုရေးသားတင်ဆက်တယ်။ ဘယ်လိုဖန်တီးတယ်ဆိုတာ ကို လေ့လာလို့ ကိုယ်တိုင်ဖန်တီး နိုင်မယ်လို့ ယူဆပါတယ်။
အင်တာနက်လိုင်း ကောင်းမှသာ
မြန်မာပြည်ရဲ့  လက်ရှိ အင်တာနက်လိုင်းက ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ ယှဉ်ရင် တော်တော်လေး နှေးကွေးနေပါသေး တယ်။ ဒီတော့ ဒီလိုင်းပေါ်ကို အခြေခံလို့ ဖြစ်တည်လာရမယ့် စီးပွားရေး လုပ်ငန်းတွေက ထင်သလောက် ခရီးမရောက်နေရခြင်း ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖြစ်လာမှာပါ။ ဒီ အင်တာနက်လိုင်း တစ်ခု ကောင်းရင် ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးများ၊ စီးပွားရေးကွန်ရက်ကြီးများနဲ့ အချိတ်အဆက်မိပြီး ပြည်တွင်း အွန်လိုင်း စီးပွားရေး ကွန်ရက်ကို အာရုံထားသူများလာပါမယ်။ တီဗီမှာ၊ ဘေလ်ဘုတ် မှာ၊ ပြင်ပမှာ စီးပွားရေး လုပ်ငန်းကြီးများ ပရိုမိုးရှင်းလုပ်ဖို့၊ မာကဲတင်း ဆင်းဖို့၊ ကြော်ငြာဖို့ အတွက် ဈေး အင်မတန်ကြီးနေချိန် အင်တာနက် မှာကျ ဈေးသက်သက်သာသာနဲ့လုပ်လို့ ရပါတယ်။
အလွယ်ကူဆုံး ဥပမာ ပေးရရင် အလှကုန်ပစ္စည်းတစ်ခုသာ Blog တွေ၊ ဆိုဒ်တွေ၊ Facebook တွေပေါ်မှာ ကြော်ငြာရင် သူ့အတွက် များစွာအကျိုး ထူးပါတယ်။ ဘာလို့လဲဆို အင်တာနက်မှာကျ လူငယ်တွေ ပိုများလို့ ဖြစ် ပါတယ်။ လူငယ်တင်မကပဲ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေအထိ တွင်ကျယ် လာပြီမို့ ဘယ်ဟာဖြစ်ဖြစ် ပရိုမိုးရှင်းလုပ်မယ်။ ဈေးကွက်နယ်ချဲ့ မယ်ဆိုရင် အင်တာနက်ဆိုတာ မရှိမဖြစ်လိုအပ်လာပါတယ်။
Blog ဆိုတဲ့ ယင်းထဲမှာ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီတော့ အင်တာနက်လိုင်းက နိုင်ငံတကာကလိုပဲ ခလုပ်တစ်ချက်နှိပ် ရုံနဲ့ ကောင်းနေပြီဆိုရင် ပြည်တွင်းမှာလည်း ကြိမ်းသေ ဖြစ်ထွန်းလာမယ့် စီးပွားရေး ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ယခု အနေအထားမှာလည်း လုပ်နိုင်ပါတယ်။ လုပ်လည်းလုပ်နေကြပါ တယ်။ မြန်မာပြည် အခြေဆိုက်ရော၊ နိုင်ငံတကာအခြေဆိုက်ရော မြန်မာပြည်အကျိုးပြု ဆိုဒ်တွေ၊ Blog တွေ ကိုယ်စီရှိနေကြပြီး တတ်နိုင်သလောက် ခရီးသွားနေကြ ပါတယ်။ သို့ပေမယ့် ဒါကို အခြေခံလို့ လုပ်နိုင်မယ့် စီးပွားရေး လုပ်ငန်းက ထင်သလောက် ခရီးမရောက်သေးပါဘူး။
သို့ပေမယ့် တကယ်ပဲ Blog ကို အခြေခံလို့ စီးပွားရေး လုပ်ဖို့ စိတ်ကူးရှိတယ်။ ခံယူချက်ရှိတယ်ဆိုရင် ခုကတည်းက စထားသင့်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ ဖက်က ကြိုးစားရင်း စီးပွားရေးစနစ် တစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့ နေရာလေး တစ်ခုဖြစ်လာရင် ဒါတွေဟာ အိပ်မက်မဟုတ်တော့ပါဘူး။ လူတိုင်း အင်တာနက်ကို အခြေခံလို့ အရင်းအနှီးနည်းနည်းနဲ့ သူဌေးဖြစ်နိုင်ပါတယ်။ သို့ပေမယ့် လွယ်လွယ်နဲ့တော့ မရပါဘူး။ လွယ်လွယ်မရပေမယ့် မခက်ခဲတဲ့ Blog လေးကို ဖန်တီးလို့ စာဖတ်သူတို့ အစပျိုးနိုင်ပါကြောင်း ဆန္ဒပြုလိုက် ရပါတယ်။
ref:techspacejournal

Samsung Galaxy S4 မတ်လ မိတ်ဆက်မည်
Samsung Galaxy S3 ပြီးတော့ နောက်တစ်မျိုး ဖြစ်တဲ့ S4 ကို လာမယ့် မတ်လ မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။
ပုံမှာ ပြထားသလိုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ပါဝင်မယ့် အသေးစိတ် ပစ္စည်းကိုတောင် ခန့်မှန်းထားနေကြပါတယ်။
- ၅ လက်မ ဝန်းကျင် SuperAMOLED HD မျက်နှာပြင်
- ကင်မရာ 13 megapixel
- Processor - 1.8GHz eight-core Exynos 5 Octa
- 2GB of RAM, NFC, 4G LTE
- Android 4.2.1 Jeely Bean
အစရှိသဖြင့် Specification များပါဝင်မယ့်လို့ ခန့်မှန်းကြပါတယ်။ အရွယ်အစား က အဓိက စကားပြောမယ့် ဖုန်း ဖြစ်ပါတယ်။ အမှန်တော့ ၅ လက်မ ဆိုရင် စမတ်ဖုန်း မဟုတ်တော့ပါဘူး။ Note ဖုန်းတို့ Phablet ဖြစ်သွားပါတယ်။ ဒါကြောင့် နှစ်သက်သူ ရှိသလို၊ အချို့ ကျတော့လည်း အရွယ်ကြီးလို့ မကောင်းဘူးဆိုပါတယ်။ Samsung ကိုယ်တိုင်က ဘယ်လို လာမယ်ဆိုတာကို မကြာမီ ကြေညာချက် ထုတ်ပြန် တော့မှာ ဖြစ်ကြောင်း သိရပါတယ်

ကီးဘုတ်မရှိလည်း စန္တယားတီးမယ်
လက်ပတ် စန္တယားလို့လည်း ခေါ်ပါတယ်။ လက်မှာ ပတ်ထားပြီး လက်ချောင်း ထိတ်တွေကို ပုံမှာ ပြထားတဲ့အတိုင်း တပ်ဆင်ထားဖို့လည်း လိုပါတယ်။
အလုပ်လုပ်ပုံကလည်း သာမန် စန္တယားလိုပါပဲ။ နှစ်ဖက်စလုံး ဝတ်ထားပြီးရင် စားပွဲပေါ်မှာ လက်ကလေး အတင်အချ လုပ်ရုံပါပဲ။ သူ့မှာ အသံထွက်မယ့် ဆောင်းဗောက်သေးသေးလေးပါသလို အခြားသော Sound box ကြီးများနဲ့လည်း ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကီးအမျိုးမျိုးကိုလည်း LED မျက်နှာပြင်ပါ လက်ပတ်မှာ လိုသလို အပြောင်းအလဲ လုပ်လို့ ရပါတယ်။
တကယ့် စန္တယား၊ ကီးဘုတ်ကြီး သုံးနေရသလို အရသာ မတွေ့တောင်မှ သူ့အသံ ထွက်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ ဒီတော့ အသားကျသွားရင် တကယ့် စန္တယား တစ်လုံး အသုံးပြုနေရသလိုပါပဲလို့ ဆိုပါတယ်။ ဈေးလည်း သက်သာပါတယ်။ အမေရိကန်ဒေါ်လာ ၄၀ ဝန်းကျင်ပဲရှိတာ မို့ မြန်မာပြည်သာ ရောက်ရင်လည်း လူတိုင်းဝယ်နိုင်မယ့် ဈေး တစ်ခု ဖြစ်ပါတယ်။
ယင်း Wrist-Mounted Finger Piano ကို ဂျပန်နိုင်ငံမှာ ထုတ်လုပ်ရောင်းနေ ပြီ ဖြစ်ကြောင်း သိရပါတယ်
ref:techspace