မိုင်းသုန် နည်ပညာဆိုက်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ မိုင်းသုန်ဆိုက်မှသီးချင်းများ နည်ပညာများ ကိုယ်တိုင်းရေးတာပါသလို သူများဆီကနေကူယူဖေါ်ပြတာလဲပါပါတယ် မိုင်းသုန်ဆိုက်ဟာ တည်ထောင်တာမကြာသေလို ပြည်စုံးမှုမရှိသေပါဘူး ဆက်လျှက်ကြိုးစားပါဦမည် fblike ပြီအားပေးကြပါ cbox တွင်အလိုရှိရာကိုတောင်ဆိုနိုင်ပါတယ် စိုင်းညီ adiman ဆက်သွယ်ရန် ghostluso@gmail.com

စက်ရုပ်ခန္ဓာကိုယ် အစိတ်အပိုင်းများ အစားထိုးမည့် စီမံကိန်း

အနာဂတ်မှာ ကိုယ်အင်္ဂါချို့ ယွင်းသူများ မရှိစေရ ဆောင်ပုဒ်နဲ့ Sarif Industres မှ တကယ်လုပ်နေပါပြီ။

သာမန်လူထက်တောင် သန်မာမယ့် ခြေ၊လက်၊ မျက်စီ အင်္ဂါများကို မြင်ရ မယ်လို့ ဆိုပါတယ်။ ဒီအတွက် သူလည်းစိုးရိမ်လို့ သတိပေးတဲ့ ဗီဒီယိုတွေနဲ့ လည်း ပြသထားပါတယ်။

သူတို့စိုးရိမ်တဲ့အချက်က တီထွင်လိုက်တဲ့ အတုပစ္စည်းများက သာမန်လူတွေ ထက် သန်မာနေမှာဆိုတဲ့ တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေရှိမယ့် အနာဂတ်စစ်ပွဲတွေကိုတောင် ဗီဒီယိုလို လုပ်ပြီး တင်ထားပေးပါသေးတယ်။ Iron Man, Rambo Cop , Surrogate ရုပ်ရှင်တွေထဲမှာပဲ စက်ရုံတွေမြင် ရမှာမဟုတ်ပဲ လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ဖို့ မခက်တော့ဘူးဆို တာကို ပြသသွားပါတယ်။

ခန္ဓာကိုယ် ဆဲလ်နဲ့ အာရုံကြောကို အီလက်ထရောနစ်ဝါယာကြိုးများနဲ့ tune ညှိပြီး တပ်တယ်ဆိုတာ အရင်ကတည်းက ပြုလုပ်နိုင်ပြီဖြစ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ လက်အတု၊ ခြေအတု ဆိုပေမယ့် သာမန်လူလို အသုံးပြုနိုင်တဲ့ နည်းပညာကို တီထွင်နိုင်တာ အတော်လေးကြာ ပါပြီ။ ဈေးကြီး နေတယ်ဆိုတဲ့ အချက်တစ်ခုကိုကျော်လွန်ရုံ ပါပဲ။ ဈေးသာ သက်သာမယ်ဆိုရင် ကမ္ဘာမှာ ကိုယ်အင်္ဂါချို့ ယွင်းတဲ့သူတွေဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ Sarif Industres  ရဲ့  အဓိက ရည်ရွယ်ချက်ကလည်း အဲဒါပဲ ဖြစ်ပါတယ်။ လူတိုင်းဈေးသက်သက်သာသာနဲ့ အတုပစ္စည်းများ ရရှိစေဖို့ ဖြစ်ပါတယ်။

သို့ပေမယ့် အပိုဆုလိုပဲဆိုရမယ့်အချက်က သန်မာခြင်း ဖြစ်ပါတယ်။ သာမန်လူတွေရဲ့  ခြေလက်တွေထက် ပိုသန်မာပါတယ်။ မျက်လုံးကလည်း ကွန်ပြူတာမျက်နှာပြင်နဲ့ ကင်မရာထည့်ထားတဲ့အတိုင်းကို function စုံအောင် ဖန်တီးလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီတော့ လူသားနဲ့ စက်ရုပ်ကြားက စစ်ပွဲဆိုတော့ ရုပ်ရှင်တွေထဲမှာ မဟုတ်တော့ပဲ အပြင်မှာ လည်းဖြစ်ဖို့ မဝေးတော့ဘူးဆိုတဲ့အချက်ကိုလည်း Sarif Industres က ရည်ညွန်းဖော်ပြပါတယ်။ နောက်ဆို လူသားတွေတောင် စက်ရုပ်ဖြစ်ချင်လို့ ခြေလက်ဖျက်မယ့် အနေအထားတစ်ခုအထိတောင် အဆိုးဆုံး ခန့်မှန်းဖော်ပြထားပါတယ်။

အောက်ပါလခ့်များမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

You tube video -http://is.gd/fkKCbC

Website - www.sarifindustries.com

>>>ဆက်ဖတ်ရန်>>> >>

iPad mini ကိုယှဉ်ပြိုင်မည့် Samsung Galaxy Note 8.0

Samsung ဖြစ်ဆိုတော့ သေချာတာက Apple ထက်ဈေးသက်သာမှာပါ။ အတွင်းက Hardware နဲ့ Software ကတော့ User အကြိုက်တွေ့မှု အပေါ်မှာပဲ မူတည်ပါတယ်။ Apple ခရေဇီသွားမေးရင် မကောင်းဘူး လို့ပြောပြီး Samsung ခရေဇီကတော့ အရမ်းကောင်းတယ်လို့ ဖြေမှာပါ။ ယခုလည်း အဲ့ဒီလို ယှဉ်လို့ရအောင် ပစ္စည်းသစ်လေး Sasmung က ထုတ်လိုက်ပါပြိ။ Samsung Galaxy 8.0 လို့ခေါ်ပါတယ်။

Samsung Galaxy Tab ရယ်လို့လည်းမဟုတ်ပါဘူ။ ဖုန်းအနေနဲ့လည်း အသုံးပြုလို့ရမှာပါ။ အသေးစား ကျောက်သင်ပုန်း ကွန်ပြူတာ တစ်မျိုး ဖြစ်ပြီး အရွယ်ကတော့ ၈ လက်မ ရှိပါတယ်။ Apple အိုင်ပတ် မီနီက ၇.၉ လက်မ ဆိုတော့ အရွယ်က သိပ်မကွာပါဘူး။ Samsung ဆိုတော့ Note ပုံစံအတိုင်းကိုပဲ ဆိုဒ်နည်းနည်းကြီးအောင် ထုတ်တဲ့ သဘောပါပဲ။ Samsung Galaxy Note 2 တုန်းက ၅.၅ လက်မ ရှိပြီး ဒီတစ်ခါ Note က 8 လက်မ ဆိုတော့ အိပ်ကပ်ထဲ ထည့်လို့ရအောင် မသေးတာတော့ မှန်နေပါပြီ။ S Pen လည်းပါပါအုံးမယ်။ Samsung ရဲ့  ၂၀၁၃ အတွက် ပြင်ဆင်ထားတဲ့ UI နဲ့ Feature အသစ်တွေကိုလည်း မြင်ရမယ်လို့ ဆိုပါတယ်။

ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ များကလည်း ယခင် ဗားရှင်းများထက် သာမှာ ဖြစ်ပြီး Tab တစ်လုံးနီးနီးပါပဲ။ ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။ ဧပြီလက စလို့ ထုတ်လုပ်ဖြန့်ချိရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

မှန်၁ ချပ် အလား စမတ်ဖုန်းများ ထိုင်ဝမ်မှထုတ်မည်

တကယ်မှန်အတိုင်း ထိုးဖောက်မြင်နေရမယ့် စမတ်ဖုန်း Prototype ကို ထိုင်ဝမ် ပိုလီထရွန် ကုမ္မဏီက ပြီးခဲ့တဲ့ လကတည်းက ပြသခဲ့ တာ ဖြစ် ပါတယ်။

စပီကာ၊ ဆင်းကဒ် တို့ကို အထင်းသားကြီး မြင်နေရပြီး မျက်နှာပြင်မှာ အရောင် လက်လက်၊ လက်လက် နဲ့ ယခုလို မြင်တွေ့ရပါတယ်။ အင်တာဗျူး မှာတော့ ကုမ္မဏီရဲ့  ပြောဆိုချက်ရ ၂၀၁၄ မှာ အမှန်တကယ် ထုတ်လုပ် လာ နိုင်မယ့် ဟန်းဆက်ဖြစ်လာအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ သူတို့က ဟာ့ဒ်ဝဲ အသားပေး ထုတ်တဲ့ ကုမ္မဏီ ဖြစ်တဲ့အတွက် ယင်းနည်းပညာကို အခြားကုမ္မဏီများအား ရောင်းချမှာ ဖြစ်ပါတယ်။

နည်းပညာ ရောင်းနိုင်ပေမယ့် ကုန်ကြမ်းကျတော့ တော်တော်လေး ရှာယူကြိုးစား ရမှာပါ။ ဖန်သားလို မြင်နေရတဲ့ သတ္တုပေါ်မှာ ရောင်စုံ ပုံရိပ်တွေ ပေါ်အောင် လုပ်ထားတဲ့ နည်းပညာဆိုတော့ ကမ္ဘာ့ အိုင်တီ Gadgets လောကကို တုန်လှုပ်စေအုံးမယ့် တီထွင်ဆန်းသစ်မှု တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဝဘ်ဆိုဒ် အခု ၃၀

1. Google

Founders : Larry Page and Sergey Brin
Income per sec :$691.29
Average income of the year :$22,000,000,000

Google က တစ်စက္ကန့်ကို အမေရိကန်ဒေါ်လာ ၆၉၁.၂၉ ဒေါ်လာ ဝင်တယ် ဆိုတော့ ဖွံ့ဖြိုးဆဲနိုင်ငံက ဝန်ထမ်းတစ်ဦးရဲ့   တစ်လ လစာထက်တောင် များနေပါတယ်။

2. Amazon

Founders : Jeff Bezos
Income per sec :$607.05
Average income of the year :$19,200,000,000

အွန်လိုင်းဈေးဝယ် အမေဇုန်လည်း Google နဲ့ ၉၁ ဒေါ်လာလောက်ပဲကွာပါတယ်။

3. Yahoo

Founders : Jerry Yang and David Filo
Income per sec :$228.31
Average income of the year :$7,200,000,000

Yahoo ကလည်း စွယ်စုံပါပဲ။ အွန်လိုင်းမီဒီယာ၊ ဈေးရောင်းဈေးဝယ်၊ ဝန်ဆောင်မှု၊ ကုန်သွယ်ရေး အားလုံးပါဝင်ပြီး သူ့ဝင်ငွေဟာလည်း တစ်စက္ကန့်ကို ၂၂၈ ဒေါ်လာကျော်ပါတယ်။

4. eBay

Founders : Pierre Omidyar
Income per sec :$199.45
Average income of the year :$ 6,300,000,000

eBay လည်း Yahoo နီးနီးအောင်မြင်ပါတယ်။

5. Msn/Live
Founders : Nathan Myhvoid
Income per sec :$102.00
Average income of the year :$ 3,200,000,000

MSN လည်း Yahoo တို့လို Service ပေးပြီး ဝင်ငွေကတော့ တစက္ကန့်ကို ဒေါ်လာ ၁၀၀ အထက်မှာ ရှိပါတယ်။

6. Paypal
Founders : Luke Nosek, Max Levchin and Peter Thiel
Income per sec :$71.40
Average income of the year :$2,250,000,000

7. iTunes
Founders : Jeff Robin
Income per sec :$60.00
Average income of the year :$1,900,000,000

Apple ရဲ့  အဓိက ဝင်ငွေထဲမှာ iTunes လည်းပါနေပါတယ်။ တစ်က္ကန့်ကို ဒေါ်လာ ၆၀ ဆိုတော့ သူ့ Transition လည်းမနည်းပါဘူး။

8. Rueters
Founders : Marshal Vace

သတင်းဝဘ်ဆိုဒ် ဖြစ်ပါတယ်။ iTunes ရဲ့  ဝင်ငွေနဲ့ အတူတူပါပဲ။

9. Priceline
Founders : Jesse Fink
Income per sec :$59.6
Average income of the year :$1,850,000,000

10. Expedia
Founders : Added Mark Schroeder
Income per sec :$46.00
Average income of the year :$1,450,000,000

11. NetFlix
Founders : Reed Hastings
Income per sec :$38.00
Average income of the year :$1.100.000,000

12. Travelocity
Founders : Terry Jones

13. Zappos
Founders : Nick Swinmurn
Income per sec :$31.70
Average income of the year :$1,000,000,000

14. Hotels.com
Founders : David Litman

15. AOL
Founders : Erik Prince
Income per sec :$30.50
Average income of the year :$960,000,000

16. Orbitz
Founders : Jeff Katz
Income per sec :$28.00
Average income of the year :$870,000,000

17. Overstock
Founders : Robert Brazell
Income per sec :$27.00
Average income of the year $834,000,000

18. Myspace
Founders : Tom Anderson
Income per sec :$25.00
Average income of the year $800.000.000

19. Skype
Founders : Niklas Zennstrom
Income per sec :$18.00
Average income of the year : $550,840,000

20. Sohu
Founders : Zhang Chaoyang
Income per sec :$14.00
Average income of the year: $430,000,000

21. Buy.com
Founders : Robb Brock
Income per sec :$12.68
Average income of the year : $400,000,000

22. StubHub
Founders : Eric Baker
Income per sec : $13.00
Average income of the year : $ 430,000,000

23. Alibaba
Founders : Jack Ma
Income per sec : $10.00
Average income of the year: $315,000,000

24. Facebook
Founders : Mark Zuckerberg
Income per sec :$9.50
Average income of the year : $300,000,000

25. YouTube
Founders : Chad Hurley, Jawed Karim and Steve Chen

26. Blue Nile
Founders : Mark Vadon
Income per sec :$9.40
Average income of the year: $295,000,000

27. Tripadvisor
Founders : Stephen Kaufer
Income per sec :$8.20
Average income of the year : $ 250,000,000

28. Getty Images
Founders : Mark Getty
Income per sec :$7.40
Average income of the year : $230,000,000

29. Bidz
Founders : Garry Itkin
Income per sec :$6.70
Average income of the year : $200,000,000

30. NYTimes
Founders : Henry Jarvis Raymond
Income per sec :$6.00
Average income of the year : $175,000,000

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း

မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။

အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Nokia ဖုန်းများ နေရောင်ခြည်ဖြင့်အားသွင်းနိုင်မည်

ကြိုးမဲ့ အားသွင်းစနစ်၊ ကင်မရာ Megapixel 44 အဆင့် အစရှိသဖြင့် ကမ္ဘာ့ ဦးဦးဖျားဖျား နည်းပညာများ ဖော်ထုတ်ဖန်တီးပေးမယ့် Nokia ဟာ ဖုန်းတိုင်းကို နေရောင်ခြည်နဲ့ အားသွင်းလို့ရအောင် ဖန်တီးတော့မယ်လို့ သိရပါတယ်။ 

အရင်ကတည်းက နေရောင်ခြည်နဲ့ အားသွင်းရတဲ့ ဖုန်းများ ရှိပါတယ်။ တောင်တက်ခရီးသွားသူများ၊ ပင်လယ်ခရီးသွားသူများ သုံးဖို့ ဆိုပြီး နိုကီယာတင်မကပဲ အခြားသော ကုမ္မဏီများကလည်း ထုတ်ပါတယ်။ သို့ပေမယ့် အဆင့်မြင့် Function ပါတဲ့ဖုန်းများ မဟုတ်ပါဘူး။ Nokia ကိုယ်တိုင် ကလည်း ဒီဂျစ်တယ်ဖုန်း အဆင့်မှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ အဆင့်မြင့် နည်းပညာသုံး Nokia ဖုန်းတိုင်းမှာ ဆိုလာစွမ်းအင် ဆုပ်ယူမယ့် နည်းပညာ ပေါင်းစပ်ဖို့ ဖြစ်ပါတယ်။ 

အလွှာလေး တစ်ခုထည့်ရုံပါပဲ။ သို့ပေမယ့် ယင်းအလွှာဟာ ဖုန်းမှာပါတယ်လို့တောင် မသိရလောက်အောင်ပါးလွှာမယ်လို့ ဆိုပါတယ်။ အခြား ဆိုလာပြားတပ်ဖုန်းများလို့ အခြပ်အကြီးကြီးတွေ မဟုတ်ပါဘူး။ ခပ်ပါးပါး ထိုးဖောက်မြင်ရတဲ့ ဆီလီကွန်လို အလွှာတစ်ခုမျှသာ ဖြစ်ပြီး နေရောင်ခြည်ကို ပြလိုက်တာနဲ့ အလိုအလျောက် စွမ်းအင်တွေ စွဲယူနေစေဖို့ ဖြစ်ပါတယ်။ 

ခန့်မှန်းခြေအရကတော့ လာမယ့် Mobile World Congress မှာ Nokia က ယင်းနည်းပညာကို ဝင်ရောက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။

Samsung Galaxy S4 mini လည်းထွက်ရှိတာ့မည်

အနီးစပ်ဆုံးအနေနဲ့ လာမယ့် မေလ ၂၀ ရက်နေ့နောက်ပိုင်းက စလို့ Samsung Galaxy S4 mini တွေထွက်ရှိတော့မယ်လို့ သတင်းထွက်နေပြီ ဖြစ်ပါတယ်။ 

လက်ရှိ မြန်မာပြည်မှာ Samsung Galaxy S3 မီနီတောင် အတွေ့နည်းနေ ပါတယ်။ မီနီ S3 မှာတင် ပစ္စည်း ဒီလောက်ရှားတာ S4 မီနီ ကျတော့ မြန်မာပြည်ကို ဘယ်လောက်မှ ရောက်မယ်ဆိုတာ မခန့်မှန်း နိုင်သေး ပါဘူး။ ရောက်လာရင်လည်း ဈေးလည်းကြီးမယ့် အနေအထားမှာ ရှိပါတယ်။ 

Samsung Galaxy S3 မီနီတုန်းက 4.0-inch AMOLED display (720p HD), 1GB of RAM, 1GHz Dual core processor, 16GB of internal storage (expandable via micro SD card), Android 4.1 Jelly Bean, Wi-Fi, 3G connectivity အစရှိတဲ့ Specification များပါဝင်ပါတယ်။ S4 မီနီကျတော့ ဒီထက်သာ ပိုမြင့်မယ်ဆိုရင် S3 လောက်ကို ဖြစ်သွားမလားလို့ ခန့်မှန်းနေကြပါတယ်။ 

Samsung Galaxy S4 တောင် ဘယ်တော့ထွက်မလဲဆိုတာ သေချာ မကြေညာ ရသေးတဲ့အတွက် S4 mini အတွက်လည်း Samsung မှ တရားဝင် ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ သို့ပေမယ့် မီဒီယာ များကတော့ ထွက်ရှိရန်နီးကပ်နေပြီလို့ ပြောဆို ရေး သား နေပြီ ဖြစ်ကြောင်း သိရပါတယ်။