မိုင်းသုန် နည်ပညာဆိုက်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ မိုင်းသုန်ဆိုက်မှသီးချင်းများ နည်ပညာများ ကိုယ်တိုင်းရေးတာပါသလို သူများဆီကနေကူယူဖေါ်ပြတာလဲပါပါတယ် မိုင်းသုန်ဆိုက်ဟာ တည်ထောင်တာမကြာသေလို ပြည်စုံးမှုမရှိသေပါဘူး ဆက်လျှက်ကြိုးစားပါဦမည် fblike ပြီအားပေးကြပါ cbox တွင်အလိုရှိရာကိုတောင်ဆိုနိုင်ပါတယ် စိုင်းညီ adiman ဆက်သွယ်ရန် ghostluso@gmail.com

ရေပူ၊ရေအေးထည့်ရုံနဲ့ ဖုန်းအားသွင်းနိုင်မယ့် onEPuck

Epiphany onEPuck လို့ နာမည်ပြည့်ပြည့်စုံစုံ ခေါ်ပါတယ်။ အပူဓာတ်၊ အအေးဓာတ် နှစ်မျိုးလုံးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လို့ မိုဘိုင်းဖုန်း များ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုသွင်းလို့ရအောင် အတွင်းမှာပါဝင်တဲ့ ပစ္စည်းက အခြားမဟုတ်ပါဘူး။ အင်ဂျင်သေးသေး တစ်လုံးဖြစ်ပါတယ်။ နည်းပညာကလည်း အခုမှ ပေါ်တာ မဟုတ်ပါဘူး။ ၁၈၁၆ ကျော်တွေကတည်းက ရှိနေတဲ့ ရေနွေးငွေ့  အင်ဂျင် Concept ကိုပဲ အသုံးပြုသွားတာ ဖြစ်ပါတယ်။ ဒီတော့ အပူလွန်၊ အအေးလွန် စွမ်းကို အသုံးချလို့ အင်ဂျင်ငယ်လေးက လည်ပတ်မယ်။ တစ်ဖက်က မော်တ တပ်ထားမယ်ဆိုရင် လျှပ်စစ်ဓာတ်အား ထုတ်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေအနေ တစ်ခု ဖြစ်သွားပါတယ်။ တကူးတကတောင် လုပ်နေစရာ မလိုပါဘူး။ မနက်စာစားချိန် ကော်ဖီသောက်၊ ရေနွေးသောက်ရင်းနဲ့တောင် အားသွင်းလို့ရမှာ ဖြစ်ပါတယ်။ ခွက်ရဲ့ အောက်ခြေကနေ ဖြစ်ပါတယ်။

USB ပေါက်ပါဝင်ပြိး ဘယ်ဖုန်း အမျိုးအစားနဲ့ မဆို အသုံးပြုလို့ရမယ့် ခွက်နဲ့ Charger ဖြစ်ပါတယ်။ စမ်းသပ်တီထွင်မှုမှာ အောင်မြင်ပြီး မကြာမီ ထုတ်လုပ် ဖြန့်ချိတော့မယ့် ပစ္စည်းဖြစ်ကြောင်း သိရပါတယ်။

>>>ဆက်ဖတ်ရန်>>> >>

ကမ္ဘာ့အကြမ်းခံ စမတ်ဖုန်း Cat B15

Bullitt Mobile မှ အမေရိကန် Caterpillar လိုင်စင်နဲ့ ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ တော်တော် အကြမ်းခံမယ့်ဖုန်းပါ။

အမြင့် ၁.၈ မီတာကနေ ကွန်ကရစ်လမ်းပေါ် ကျလည်း မကွဲဘူးလို့ ဆိုပါတယ်။ ရေစိမ်လည်းခံပါတယ်။

၎ လက်မ Gorilla Glass မျက်နှာပြင်

Android 4.1 Jelly Bean OS ကို အသုံးပြုထားပါတယ်။

အလေးချိန် ၁၇၀ ဂရမ် ဆိုတော့ သိပ်မလေးပါဘူး။ အလူမီနီယမ်သားပေါ် ရာဘာ ထပ်အုပ်ထားပေးခြင်း ဖြစ်ပါတယ်။

Processor က 1GHz ရှိပြီး RAM က 512 MB ရှိပါတယ်။

ကင်မရာ 5 megapixel ရှိပါတယ်။ ဗီဒီယို recording လုပ်ဖို့အတွက် 720p resolution ရနိုင်ပါတယ်။

အအေးဒဏ် အနုတ်၂၀ ဒီဂရီစင်တီဂရိတ် အထိ ခံနိုင်ရင် ရှိပြီး ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်စွမ်း ရှိပါတယ်။

Cat B15 ဟာ မတ်လကစလို့ ဗြိတိန်ပေါင် ၃၀၀ သတ်မှတ်လို့ စတင်ရောင်းချတော့မယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
--

ဒလက်မပါသော လေအေးလေပူ ပန်ကာ Dyson AM05

Dysoon AM05 Hot + Cool ပန်ကာ ဖြစ်ပါတယ်။ ပန်ကာ မပါပဲ အေးအောင် ဘယ်လိုလုပ်လဲ ဆိုတာက ဗြိတိန် Dyson အီလက်ထရောနစ် ကုမ္မဏီက စတင်ထုတ်လုပ်တဲ့ ပစ္စည်း ဖြစ်ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း အလယ်ကနေ လေများ လွတ်ပေးမှာ ဖြစ်ပါတယ်။ မော်တာ ပါရှိပြီး ယင်းမော်တာကနေ Air Flow ကို Multiply လုပ်ပေးတဲ့ သဘောပါပဲ။ ၁ ကနေ ၂၈ ဒီဂရီ စတီဂရိတ် အထိလည်း ပူအောင် လုပ်ပေးနိုင်ပါတယ်။ အခန်း အပူချိန် အနေအထားကို အာရုံခံလို လိုသလိုချိန်ညှိပေးမယ့် အော်တို စနစ်လည်း ပါရှိပါတယ်။

၂၀၀၉ ခုနှစ်ကနေ စတင်ထုတ်လုပ်တဲ့ Air Multiplier များဟာ နည်းပညာ ဒီဇိုင်းဆုများစွာရရှိထားပါတယ်။ မြန်မာပြည်ကိုလည်း ယင်းကဲ့သို့ ပန်ကာများ ရောက်ရှိပါတယ်။ ယခု ၂၀၁၃ မှာ အသစ်ဖြန့်မယ့် ဒလက်မကာ ပန်ကာက အပူ၊အအေး ရပြီး တစ်စက္ကန့်ကို လေ ၂၈ လီတာ လောက်ထိ ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကာလတန်ဖိုးအားဖြင့် ဗြိတိန်ပေါင် ၃၅၀ ဖြင့် စတင်ရောင်းချမယ့် ပစ္စည်း ဖြစ်ကြောင်း သိရပါတယ်။

မျက်မမြင်များအတွက် မိုဘိုင်းဖုန်း

မျက်မမြင်တွေ အသုံးပြုဖို့အတွက် မိုဘိုင်းဖုန်း ဆိုပြီး ဒီဇိုင်နာ Peter Lau က တီထွင်ဖန်တီးလိုက် တာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သူ့လိုအပ်တဲ့ Feature နဲ့ UI တွေ အစုံအလင် ပါရှိပါတယ်။ ဖုန်းခလုပ်နှိပ်ဖို့အတွက်ကလည်း နိုင်ငံတကာ မျက်မမြင် သင်္ကေတ စနစ်ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လွယ်လွယ် ကူကူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Message လည်း ပို့လို့ရပါတယ်။ မျက်မမြင်တစ်ယောက်အနေနဲ့ ဒီလောက် Function စုံစုံလင်လင်ဖုန်း အသုံးပြုခွင့်ရဖို့ဆိုတာ ဒီဖုန်းနဲ့မှ ပထမဆုံး ဖြစ် မယ်ထင်ပါတယ်။ ဒီဇိုင်းအရသာ ရှိသေးပေမယ့် အသုံးပြုရမယ့် နည်းပညာ များက အဆန်းအပြားတွေ သိပ်မပါတဲ့အတွက် ၂၀၁၃ ခုနှစ်အတွင်းတောင် ထုတ်လုပ်နိုင်ချေ ရှိတဲ့ ဖုန်း ဖြစ်ကြောင်း သိရပါတယ်။

ရေဘားလို အသုံးပြုရမည့် USB tap

i Tap လို့ခေါ်ပါတယ်။ မီးခုလုတ် ထဲ ထိုးလို့ အသုံးပြုရုံပါပဲ။ iPhone ရယ်လို့ မဟုတ်ပဲ USB Port ပါတဲ့ ဝါယာကြိုး သုံး ဘယ်ပစ္စည်းမျိုးကိုမဆို အားသွင်းလို့ရ မှာ ဖြစ်ပါတယ်။

ရေခလုပ်အတိုင်းပဲ လှည့်ဖွင့်ရမှာပါ။ လျှပ်စစ်မီး စီးဆင်းနေရင် အပြာရောင် အဖြစ် ပြသထားပြီး ပိတ်ထားရင် အနီရောင်လေး ဖြစ်နေ ပါမယ်။ ရေခလုပ်တွေလိုပဲ အဖွင့်အပိတ် လုပ်ပြီး အားသွင်းရမယ်ဆိုတော့ ပစ္စည်းအဆန်းလေးပါပဲ။ ရေစီးတဲ့ ပိုက်တွေလိုတော့ အနည်းအများ မပြောင်း ပါဘူး။ သူ့မှာ Adapter ပါရှိပြီး ကိုယ်က ဘယ်လောက်ပဲလှည့်လှည့် လျှပ်စစ် ဓာတ်စီးဆင်းမှု ပမာဏကတော့ မပြောင်းလဲပါဘူး။ သက်သက် အမြင်ဆန်းအောင်လေး လုပ်ထားတာပါ။

ကာလတန်ဖိုးအားဖြင့် ၂၅ ဒေါ်လာ တန်ဖိုးရှိတဲ့ Gadget လေး ဖြစ်ပါတယ်။

စက်ရုပ်ခန္ဓာကိုယ် အစိတ်အပိုင်းများ အစားထိုးမည့် စီမံကိန်း

အနာဂတ်မှာ ကိုယ်အင်္ဂါချို့ ယွင်းသူများ မရှိစေရ ဆောင်ပုဒ်နဲ့ Sarif Industres မှ တကယ်လုပ်နေပါပြီ။

သာမန်လူထက်တောင် သန်မာမယ့် ခြေ၊လက်၊ မျက်စီ အင်္ဂါများကို မြင်ရ မယ်လို့ ဆိုပါတယ်။ ဒီအတွက် သူလည်းစိုးရိမ်လို့ သတိပေးတဲ့ ဗီဒီယိုတွေနဲ့ လည်း ပြသထားပါတယ်။

သူတို့စိုးရိမ်တဲ့အချက်က တီထွင်လိုက်တဲ့ အတုပစ္စည်းများက သာမန်လူတွေ ထက် သန်မာနေမှာဆိုတဲ့ တစ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေရှိမယ့် အနာဂတ်စစ်ပွဲတွေကိုတောင် ဗီဒီယိုလို လုပ်ပြီး တင်ထားပေးပါသေးတယ်။ Iron Man, Rambo Cop , Surrogate ရုပ်ရှင်တွေထဲမှာပဲ စက်ရုံတွေမြင် ရမှာမဟုတ်ပဲ လိုအပ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ဖို့ မခက်တော့ဘူးဆို တာကို ပြသသွားပါတယ်။

ခန္ဓာကိုယ် ဆဲလ်နဲ့ အာရုံကြောကို အီလက်ထရောနစ်ဝါယာကြိုးများနဲ့ tune ညှိပြီး တပ်တယ်ဆိုတာ အရင်ကတည်းက ပြုလုပ်နိုင်ပြီဖြစ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ လက်အတု၊ ခြေအတု ဆိုပေမယ့် သာမန်လူလို အသုံးပြုနိုင်တဲ့ နည်းပညာကို တီထွင်နိုင်တာ အတော်လေးကြာ ပါပြီ။ ဈေးကြီး နေတယ်ဆိုတဲ့ အချက်တစ်ခုကိုကျော်လွန်ရုံ ပါပဲ။ ဈေးသာ သက်သာမယ်ဆိုရင် ကမ္ဘာမှာ ကိုယ်အင်္ဂါချို့ ယွင်းတဲ့သူတွေဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ Sarif Industres  ရဲ့  အဓိက ရည်ရွယ်ချက်ကလည်း အဲဒါပဲ ဖြစ်ပါတယ်။ လူတိုင်းဈေးသက်သက်သာသာနဲ့ အတုပစ္စည်းများ ရရှိစေဖို့ ဖြစ်ပါတယ်။

သို့ပေမယ့် အပိုဆုလိုပဲဆိုရမယ့်အချက်က သန်မာခြင်း ဖြစ်ပါတယ်။ သာမန်လူတွေရဲ့  ခြေလက်တွေထက် ပိုသန်မာပါတယ်။ မျက်လုံးကလည်း ကွန်ပြူတာမျက်နှာပြင်နဲ့ ကင်မရာထည့်ထားတဲ့အတိုင်းကို function စုံအောင် ဖန်တီးလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီတော့ လူသားနဲ့ စက်ရုပ်ကြားက စစ်ပွဲဆိုတော့ ရုပ်ရှင်တွေထဲမှာ မဟုတ်တော့ပဲ အပြင်မှာ လည်းဖြစ်ဖို့ မဝေးတော့ဘူးဆိုတဲ့အချက်ကိုလည်း Sarif Industres က ရည်ညွန်းဖော်ပြပါတယ်။ နောက်ဆို လူသားတွေတောင် စက်ရုပ်ဖြစ်ချင်လို့ ခြေလက်ဖျက်မယ့် အနေအထားတစ်ခုအထိတောင် အဆိုးဆုံး ခန့်မှန်းဖော်ပြထားပါတယ်။

အောက်ပါလခ့်များမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

You tube video -http://is.gd/fkKCbC

Website - www.sarifindustries.com

iPad mini ကိုယှဉ်ပြိုင်မည့် Samsung Galaxy Note 8.0

Samsung ဖြစ်ဆိုတော့ သေချာတာက Apple ထက်ဈေးသက်သာမှာပါ။ အတွင်းက Hardware နဲ့ Software ကတော့ User အကြိုက်တွေ့မှု အပေါ်မှာပဲ မူတည်ပါတယ်။ Apple ခရေဇီသွားမေးရင် မကောင်းဘူး လို့ပြောပြီး Samsung ခရေဇီကတော့ အရမ်းကောင်းတယ်လို့ ဖြေမှာပါ။ ယခုလည်း အဲ့ဒီလို ယှဉ်လို့ရအောင် ပစ္စည်းသစ်လေး Sasmung က ထုတ်လိုက်ပါပြိ။ Samsung Galaxy 8.0 လို့ခေါ်ပါတယ်။

Samsung Galaxy Tab ရယ်လို့လည်းမဟုတ်ပါဘူ။ ဖုန်းအနေနဲ့လည်း အသုံးပြုလို့ရမှာပါ။ အသေးစား ကျောက်သင်ပုန်း ကွန်ပြူတာ တစ်မျိုး ဖြစ်ပြီး အရွယ်ကတော့ ၈ လက်မ ရှိပါတယ်။ Apple အိုင်ပတ် မီနီက ၇.၉ လက်မ ဆိုတော့ အရွယ်က သိပ်မကွာပါဘူး။ Samsung ဆိုတော့ Note ပုံစံအတိုင်းကိုပဲ ဆိုဒ်နည်းနည်းကြီးအောင် ထုတ်တဲ့ သဘောပါပဲ။ Samsung Galaxy Note 2 တုန်းက ၅.၅ လက်မ ရှိပြီး ဒီတစ်ခါ Note က 8 လက်မ ဆိုတော့ အိပ်ကပ်ထဲ ထည့်လို့ရအောင် မသေးတာတော့ မှန်နေပါပြီ။ S Pen လည်းပါပါအုံးမယ်။ Samsung ရဲ့  ၂၀၁၃ အတွက် ပြင်ဆင်ထားတဲ့ UI နဲ့ Feature အသစ်တွေကိုလည်း မြင်ရမယ်လို့ ဆိုပါတယ်။

ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ များကလည်း ယခင် ဗားရှင်းများထက် သာမှာ ဖြစ်ပြီး Tab တစ်လုံးနီးနီးပါပဲ။ ဈေးနှုန်းကိုတော့ မကြေညာရသေးပါဘူး။ ဧပြီလက စလို့ ထုတ်လုပ်ဖြန့်ချိရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။